ဤမျိုးချစ်မြန်မာဆိုဒ်သည် ရွှေပါရမီ ပညာဒါန >> ကွန်ပျူတာ အင်္ဂလိပ်စာ မြန်မာစာနှင့် ထိုင်းစကားပြောသင်တန်း>>> ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ (၂၇၁) ထိုင်ပကန်ရပ်ကွက်၊ ဘန်ဖီမြို့၊ ထိုင်းနိုင်ငံမှ (လူငယ်မောင်မယ်များ - သင်တန်းသား သင်တန်းသူများ စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ )  

Friday, July 4, 2014

ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်

မျိုးချစ်မြန်မာ | 2:52 AM | Best Blogger Tips

စိတ်စေတနာထက်သန်စွာနဲ့ တစ်ပိုင်တစ်နိုင် ပရဟိတလုပ်နေတဲ့ဒကာတစ်ယောက်က လျှောက်တယ်" အရှင်ဘုရား တပည့်တော်ရဲ့ မျက်စိရှေ့မြင်နေတွေ့နေရတဲ့ မရှိဆင်းရဲသားတွေ၊ စာသင်ချင်ပေမယ့် စာမသင်နိုင်ကြတဲ့ကလေးငယ်တွေကို တတ်နိုင်သလောက် ပညာသင်နိုင်အောင် ကူညီဆောင်ရွက်ပေးသလို ငွေကြေးမပြည့်စုံ ကျမ္မာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း အတတ်နိုင်ဆုံး ထောက်ပံ့လှူဒါန်းပေးပါတယ်၊ သာရေး နာရေးတွေလဲ အတတ်နိုင်ဆုံး ကူညီလုပ်ကိုင် ဆောင်ရွက်ပေးပါတယ်ဘုရား၊ သို့သော်လည်း လူမှုရေး စီးပွားရေးတွေမှာ တိုက်ခိုက်မှုလေးတွေရှိလာတော့ တစ်ခါတစ်ခါ ကုသိုလ်လုပ်ပေမယ့် စိတ်ဓာတ်ကျပြီး အကုသိုလ်ဖြစ်ဖြစ်သွားတယ်ဘုရား၊ ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာ မိန့်ကြားပေးပါဘုရား" တဲ့။ လောကကြီးကပဲ ခက်တာလား လူတွေကပဲ ခက်တာလားတော့ မပြောတတ်ဘူးပေါ့၊ ဒီလိုအတိုက်အခံတွေဆိုတာကလည်း ကောင်းရာ ကောင်းကြောင်းလုပ်ကိုင်နေသူတွေမှာတာ ဖြစ်တတ်တဲ့သဘောသဘာဝလို ဖြစ်နေပြီ၊ အလုပ်လုပ်ပြီဆိုရင်တော့ အောင်မြင်တာ မအောင်မြင်တာထက် အတိုက်အခိုက်တွေကို ရင်ဆိုင်ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို အရင်ဆုံးမွေးထားရပါလိမ့်မယ်။

Saturday, June 28, 2014

ဝါဆိုသင်္ကန်း

မျိုးချစ်မြန်မာ | 12:02 AM | | Best Blogger Tips

သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ - ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ ၀ါဆိုသင်္ကန်းအလှူ (၀ဿိကသာဋိက) ၀ဿဝါသိက  စီဝရဒါန မိုးရေခံသင်္ကန်း အလှူဒါနသည် အားလုံးသိနေကြသည့် ၇ နှစ်အရွယ်နဲ့ သောတာပန်တည်တဲ့ ပုဗ္ဗာရုံကျောင်း ကျောင်းအမကြီး ၀ိသာခါ၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

Friday, June 27, 2014

ကျောင်းပြင်ပမှ ကျောင်းနေအရွယ်များ Written by Kyaw Myint Thit

မျိုးချစ်မြန်မာ | 7:36 PM | Best Blogger Tips


(၁)
ယခုနှစ်ကျောင်းအပ်ချိန်က ယခင်နှစ်တွေနှင့်မတူ။ ကလေးတွေရော၊ မိဘတွေပါ တက်တက်ကြွကြွ ရှိလှသည်။ ကျောင်းအပ်ခဆိုသော တံတိုင်းမြင့်ကြီးအကြောင်းကို ညည်းညူသံတွေ မကြားရတော့။ အခမဲ့ပညာရေးဟူသောအသံက ယခုအချိန်တွင် လူပြော၊ သူပြော ပိုများလာသည်။ နောက်နှစ်များ တွင်အထက်တန်းကျောင်းအပ်ခကိုပါ ကင်းလွတ်မည်ဟူသော သတင်းကိုပါခပ်သဲ့သဲ့ကြားလာနေရ သည်။
‘အရင်ကဆို ကျောင်းဖွင့်ပြီးတစ်ပတ်၊ နှစ်ပတ်ကြာတဲ့အထိ ကျောင်းအပ်လက်ခံတာ မပြီးသေးဘူးကွ။ အခုဆိုကျောင်းသားမိဘတွေက ငါလာတာကိုပဲ ချောင်းနေကြတာ။ ငါရောက်လာတာနဲ့ ဝိုင်းပြုံပြီးအပ် လိုက်ကြတာ နာရီပိုင်းအတွင်းပြီးသွားတယ်’။

Tuesday, June 24, 2014

ဝါဆိုအကြောင်း သိကောင်းစရာ

မျိုးချစ်မြန်မာ | 2:36 AM | | Best Blogger Tips


ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Monday, June 23, 2014

ရောင်ခြည်တော် ၆ သွယ်

မျိုးချစ်မြန်မာ | 6:51 PM | Best Blogger Tips
ခရစ်ယန်ကောင်းလေးတစ်ယောက်က မေးတယ်၊ အရှင်ဘုရားတို့ သာသနာမှာ ပြောဆိုနေကြတဲ့ ရောင်ခြည်တော် ခြောက်သွယ် ဆိုတာ ဘာအရောင်တွေလဲတဲ့၊ သူက ငယ်ကတည်းက ထိုင်းကိုရောက်ခဲ့တာရယ်၊ ထိုင်းနိုင်ငံမှာက သာသနာ့အလံကို မသုံးတာရယ်ကြောင့် သူမသိရှာဘူးလေ၊ မြန်မာပြည်မှာဆိုရင်တော့ သာသနာ့အလံကို လက်ညိုးထိုးပြလိုက် ပြီးပြီပေါ့။ ထိုင်းနိုင်ငံမှာက ဘာသာရေးအလံကို အ၀ါရောင်နောက်ခံပြီး ဓမ္မစကြာအ၀ိုင်းလေးကို ထဲ့ထားတဲ့အလံကိုပဲ သုံးကြတယ်ဆိုတော့ မသိရှာဘူးပေါ့၊ ထိုင်းနိုင်ငံမှာက အလံတွေကလဲ ပေါမှပေါ၊ ဘယ်အလံက ဘာကို ကိုယ်စားပြုတယ်ဆိုတာတောင် မသိရလောက်အောင်ပဲကိုး၊ များသောအားဖြင့် အိမ်တွေ အလုပ်ရုံတွေမှာ အလံ ၃ ခု လွင့်တင်ထားတာများပါတယ်၊ အလယ်မှာ ထိုင်းနိုင်ငံအလံကို လွင့်တင်ပြီး ဘေးနှစ်ဘက်မှာ အ၀ါရောင်အလံနဲ့ အပြာရောင်အလံကို လွင့်တင်ထားကြပါတယ်။ အ၀ါရောင်အလံက ထိုင်းဘုရင်ကို ကိုယ်စားပြုပြီး အပြာရောင်အလံက ထိုင်းဘုရင်မကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့လေ ကိုယ့်အထင်ပြောရတာကိုး၊ အခုလည်း ရောင်ခြည်တော် ၆ သွယ်ကို ကိုယ်စားပြုထားတဲ့ သာသနာ့အလံကို ခရစ်ယန် လူငယ်တစ်ယောက်က မသိတာတော့ မဆန်းလှပေဘူးပေါ့။

Thursday, June 5, 2014

နယုန်လပြည့် မဟာသမယနေ့

မျိုးချစ်မြန်မာ | 7:44 AM | Best Blogger Tips


တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ 12.6.2014 သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Tuesday, June 3, 2014

ကျွံ

မျိုးချစ်မြန်မာ | 2:29 AM | Best Blogger Tips


"ဆရာမရေ...စာကြည့်တိုက်ရှေ့မှာ ရပ်နေတဲ့ ကလေးတွေကို ခေါ်လိုက်ပါဦး..."
ကလေးတွေကို ဘုရားရှိခိုးဖို့ နေရာချနေတုန်း စာကြည့်တိုက်ရှေ့မှာ ယောင်လည်လည်လုပ်နေတဲ့ ကလေးသုံးယောက်တွေ့လို့ ဆရာမကို ခေါ်ခိုင်းလိုက်ပါတယ်... ဆရာမက လှမ်းကြည့်ရင်း...။
"သူတို့က ခေါ်လို့ ဘယ်လာမလဲ... ဦးဇင်း"
"ဟင်...ဘာဖြစ်လို့လဲ..."
"အဲဒါ မွတ်စလင်လေးတွေ..."
"ဟာ ... မဟုတ်ပါဘူး... မနေ့ကတောင် လာသေးတယ်လေ..".
"သြော်... အဲဒါ ဘုရားရှိခိုးပြီး... ပုံပြင်ပြောတဲ့ အချိန်ကျမှ လာတာလေ.. ခု ဘုရားရှိခိုးပြီးချိန်ကို စောင့်နေကြတာ... ပြီးမှ သူတို့ ပုံပြင်နားထောင်ဖို့ ဝင်လာကြလိမ့်မယ်..."

Tuesday, May 13, 2014

ငံပြာရည်တို့ရွာ (သို့) ကမ်ပူးချားတို့ရွာ (သို့) ကမ္ဗောဒီးယား - အန်ကောဝပ်သို့ အလည်တစ်ခေါက်

မျိုးချစ်မြန်မာ | 7:40 PM | Best Blogger Tips


ပြောရအုံးမယ် မဆိုင်းသူရေ --
 မထင်မှတ်ပဲ ရန်ကုန်က ဆွေတော် မျိုးတော်တွေရောက်လာလို့ ဆိုင်းမဆင့် ဗုံမဆင့်ပဲ ယိုးဒယားပတ်ပျိုးနဲ့ ခရီးတစ်ခု အစပျိုးခဲ့မိတယ်၊ 11.5.2014 ရက်နေ့ ည ၉ နာရီခွဲကနေ ဘန်ကောက်က စထွက်လိုက်တာ ထိုင်း-ကမ္ဗောဒီးယား နယ်စပ်ကို ည ၁၂ နာရီခွဲမှာ ရောက်ရှိသွားခဲ့ပါတယ်။ ဟိုတယ်ရှာတည်းခိုလိုက်တာ ၁ ညမှ 350 ဘတ် တန်သလားမမေးနဲ့၊ အဲယားကွန်း၊ တီဗွီ၊ ရေပူ ရေအေး အကုန်ပါတယ်၊ နောက်ရက်မနက် ၇ နာရီလောက်မှ ရုံးတွေ ဘာတွေဝင်ပေါ့၊ ထုံးစံအတိုင်း နယ်စပ်ဆိုတော့ ကယ်ရီတွေ ရှိကြတယ်၊  Re-Entry တုံး မထုရသေးသူတွေအတွက် တစ်ယောက်ကို 200 ဘတ်နဲ့ ၀န်ဆောင်မှု ပေးပါတယ်၊ ဗီဇာကတော့ ဖရီးပါ၊ သို့သော်လည်း ရာသီဥတုပူပြင်းလို့ တန်းမစီချင်တာနဲ့ပဲ တစ်ယောက် ၄၀၀ ပေးပြီး VIP လမ်းကြောက ၀င်သွားခဲ့ပါတယ်။ ပထမဆုံး သွားဖြစ်ခဲ့တဲ့ ခရီးမို့ လမ်းကြောင်းမသိသေးတော့ ကယ်ရီတွေနဲ့ပဲ သွားခဲ့တယ်၊ အသွားအပြန်ကားခ 4500 ဘတ် ပေးရတယ်။ ကမ္ဗောဒီးယားဘက်ခြမ်းကို ရောက်သွားတဲ့အခါမှာတော့ လုံးဝလုံးဝ မထင်မှတ်ထားတာကို တွေ့လိုက်ရလို မှင်သက်မိသွားတယ်၊ မြန်မာနိုင်ငံက ဆီဒိုးနား ဟိုတယ်ထက် ၃ ဆ ၊ ၄ ဆ ကြီးတဲ့ ကာဆီနို လောင်းကစားရုံကြီးတွေ အများကြီးပဲ တွေ့လိုက်ရတယ်၊ ထိုင်းဘက်ခြမ်းထက် ပိုစည်ကားနေခဲ့တယ်။ ငွေကြေးသုံးစွဲမှုကတော့ ဒေါ်လာလည်း သုံးလို့ရတယ်၊ ထိုင်းဘတ်ငွေလည်း သုံးလို့ရတယ်၊ သူတို့ငွေလည်း သုံးလို့ရပါတယ်။ ဘာသာစကားကတော့ အင်္ဂလိပ်လိုလည်း ရကြသလို ထိုင်းလိုလည်း ပြောကြတယ်၊ သူတို့ ဘာသာစကားကိုလည်း ပြောဆိုကြပါတယ်။

ကဆုန်ညောင်ရေ သွန်းလောင်းလေ

မျိုးချစ်မြန်မာ | 7:19 PM | Best Blogger Tips


ကဆုန်လမှာမှ ဘာ့ကြောင့် ညောင်ရေသွန်းကြပါသလဲ - တခြားလတွေမှာလဲ ညောင်ရေသွန်းလို့ရတာပဲလေတဲ့၊ မေးလဲ မေးတတ်ပါ့၊ လောင်းချင်လို့ လောင်းတာပေါ့ဟလို့ ဖြေလိုက်ရင်လည်း မကောင်းတတ်သေး၍ ဆွေသဟာရဲ့ အမေးကို အဖြေညှိဖို့အတွက် ကွန်ပျူတာကို အသာပြန်ဖွင့် အင်တာနက်လိုင်းမှာ အဖြေရှာရပေဦးမပေါ့၊ ဟော တွေ့ပါပြီ ဆွေသဟာရဲ့ အမေးကို အဖြေရှာပေးလိုက်တာမို့ ဆွေသဟာရေ သေသေချာချာတာ ဖတ်တော့ဗျို့၊

ဂုဏ်ယူဖွယ်ရာ ဘန်ကောက်ရောက် ရွှေမြန်မာ

မျိုးချစ်မြန်မာ | 7:14 PM | Best Blogger Tips


ဗုဒ္ဓဘာသာဝင်တိုင်း၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ ရှင်တော်မြတ်ဗုဒ္ဓဖွားတော်မူရာ နေ့ထူးနေ့မြတ်ကြီးသို့ ရောက်ရှိလို့ လာခဲ့ပါပြီ၊ လူလိမ္မာ သူတော်ကောင်းများကတော့ ဘုန်းကြီးကျောင်းများနဲ့ ဘုရားပုထိုးများရှိရာသို့ သွားရောက်ပြီး ငါးများ ဘေးမဲ့လွှတ်ခြင်း၊ ငှက်ကလေးများ ဘေးမဲ့လွတ်ခြင်း၊ ဘုရားပန်းများ ဆီမီးများ ပူဇော်ခြင်း၊ ငါးပါးသီလ ခံယူဆောက်တည်ကာ ပုတီးစိတ်ခြင်း၊ တရားဘာဝနာ ရှုမှတ်ခြင်းတို့ကို ပြုလုပ်နေကြပါပြီ၊ စုဖွဲ့ပြီး ဓမ္မစကြာရွတ်ဖတ်ပူဇော်နေကြတဲ့ မြင်ကွင်းလေးကလဲ ပျော်စရာကောင်း စိတ်ကြည်နူးစရာ ကောင်းလိုက်တဲ့ မြင်ကွင်းလေးပါ။

Monday, May 5, 2014

ကဆုန်လပြည့် ဗုဒ္ဓနေ့ - ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန် လပြည့်ကြုံ

မျိုးချစ်မြန်မာ | 11:11 PM | Best Blogger Tips


ကဆုန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

Friday, April 4, 2014

အဆင်သင့်ဖြစ်ပြီလား

မျိုးချစ်မြန်မာ | 1:11 AM | Best Blogger Tips


ပြည်ပမှာ အလုပ်လုပ်ပြီး အမျိုးဘာသာ သာသနာအတွက် တတ်စွမ်းသလောက် အဖွဲ့အစည်းလေးတွေဖွဲ့ပြီး လုပ်ဆောင်နေကြတဲ့ လူငယ်တွေ ထိုင်းနိုင်ငံအနှံ့ ရှိကြပါတယ်။ တကယ်လည်း လေးစားဂုဏ်ယူပါတယ်။ လူငယ်ကောင်းမှ လူကြီးကောင်းမှာဆိုတော့ နောင်တစ်ချိန်လူကြီးလုပ်မယ့် အနာဂတ်လူကြီးလောင်းတွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို တွေ့နေမြင်နေရလို့ပါ။ မနေ့ညနေက အမျိုးဘာသာ သာသနာအတွက် ပြည်ပရောက် ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း ညီညီညွှတ်ညွတ်နဲ့ ကုသိုလ်ကောင်းမှုများ လုပ်နေကြတဲ့ လူငယ်တွေ မျက်နှာမသာမယာနဲ့ ရောက်လာကြတယ်။ ဘာဖြစ်လာကြတာလဲ မျက်နှာက မသာမယာနဲ့လို့ မေးလိုက်တော့၊ တပည့်တော်တို့ တရားပွဲတွေလုပ်တာကို ဆရာလာမလုပ်ရလို့ ပတ်မကြီး ဓားနဲ့ ထိုးဖောက်ချင်တဲ့ သူတွေက မင်းတို့မျိုးချစ်မြန်မာဆရာတော်က စီးပွားရှာနေတာလား ဘာတွေလုပ်နေလဲ ဘာညာနဲ့ ၀ိုင်းပြောကြတယ်ဘုရား၊ ပြီးတော့ သူတို့တွေက လူငယ်တွေမဟုတ်ဘူး လူကြီးတွေဘုရားတဲ့။

Wednesday, April 2, 2014

နာရေးကူညီမှုအသင်း - ဘန်ကောက်

မျိုးချစ်မြန်မာ | 7:11 AM | Best Blogger Tips


မြန်မာပြည်ဖွား ညီနောင်များတို့ တွဲလက်ခိုင်မာ ညီညာစွာနဲ့ ညီနောင်သားချင်း ရိုင်းကာပင်းလို့ သာရေး နာရေး ကူညီပေးဖို့ နာရေးကူညီမှုသို့ ၀င်ကြစို့

နာရေးကူညီမှုအသင်း-ဘန်ကောက် သို့ အသင်းဝင်လိုသူ - Volunteer လုပ်လိုသူများကို နွေးထွေးစွာ ကြိုဆိုနေ လျက်ပါ၊
မတည်အလှူရှင်များကိုလည်း သဒ္ဓါတရား နည်းများမဟူ ကုသိုလ်ပါဝင်နိုင်ကြောင်းနဲ့ နွေးထွေးစွာ ကြိုဆိုနေလျက်ပါ။
Member ၀င်လိုသူများအနေဖြင့် လစဉ် ၁၀၀ ဘတ်ကို ထည့်ဝင် လှူဒါန်းနိုင်ပါသည်။ Volunteer လုပ်လိုသူများအနေဖြင့် ဘန်ကောက်နား အနီးတစ်ဝိုက်မှ ပိုအဆင်ပြေနိုင်ပါလိမ့်မည်။
အခြားသူများ အလုပ်ကိုယ်စီ ရှိနေကြသဖြင့် ဆက်သွယ်စုံစမ်းလိုပါက Cover Page တွင် ပါဝင်သော ဖုန်းနံပါတ်များမှတစ်ဆင့် ဆွက်သွယ်စုံစမ်းနိုင်ပါသည်။

Monday, March 17, 2014

ပဲခူး ရွှေမော်ဓောဘုရား

မျိုးချစ်မြန်မာ | 8:15 PM | Best Blogger Tips


ဒီနေ့တော့ ဝေးဝေးလံလံ ဘုရားဖူးမခေါ်တော့ပါဘူး၊ သွားရေးလာရေး အဆင်ပြေပြီး မြို့တော်ရန်ကုန်နဲ့ မနီးမဝေးက ပဲခူး ရွှေမော်ဓောဘုရားကိုပဲ ဘုရားဖူးသွားကြပါစို့။ ပဲခူးဒေသာကြီးဟာ နောင်တစ်ချိန်မှာ မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဘူမိနက်သန်များ ဖြစ်လာလေမလား၊ အဘယ်ကြောင့်ဆိုသော် ယခု ပဲခူးဒေသ အနီးတစ်ဝိုက်တွင် နိုင်ငံကျော် ဓမ္မကထိက တရားဟောဆရာတော်ကြီးများ၏ ကျောင်းတော်များ၊ နိုင်ငံကျော် ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာတော်ကြီးများ၏ ကမ္မဋ္ဌာန်းရိပ်သာကြီးများဖြင့် စည်ကားနေပြီး စာတတ်ပေတတ်ရဟန်းတော်များ၊ ရိပ်သာဆရာတော်များ မျက်စိကျရာ နေရာဒေသ ဖြစ်နေချေပြီ၊ ပဲခူးသူ ပဲခူးသားတို့အတွက် ကံထူးပေစွ။ မြို့ကြီးပြကြီးများထဲရှိ စာသင်တိုက်များတွင်လည်း လောကီနည်းပညာများ တိုးတက်လာမှု လောကီအာရုံတွေ တစ်နေ့တစ်ခြား တိုးတက်ဆန်းပြားစွာ မြင်တွေ့လာနေကြရသည့်အတွက် စာပေလေ့လာ သင်ယူရာတွင် အားနည်းချက်များ ရှိလာချေပြီ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်များသည်လည်း ထိုနည်းတူစွာ ယခင်ထက် လောကီအာရုံတွေ၏ ရိုက်ခပ်မှုဒဏ်ကို အနည်းအကျဉ်း ခံကြရပေမည်။ ထို့ကြောင့် နာမည်ကြီး ကမ္မဋ္ဌာန်းကျောင်းတိုက်ကြီးများဖြင့် ပဲခူး ၁၀ မိုင်ကုန်းတစ်ဝိုက်တွင် စည်ကားနေပေပြီ။ မည်သို့ပင် ဆိုစေကာမူ ယနေ့အဖို့တော့ ပဲခူး ရွှေမော်ဓောဘုရား သွားကြပါစို့၊ ရွှေသာလျောင်းဘုရားကိုလဲ အချိန်ရတဲ့အခါ ၀င်ဖူးကြတာပေါ့။

Friday, March 14, 2014

အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား

မျိုးချစ်မြန်မာ | 3:19 AM | Best Blogger Tips


အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားလို့ ဆိုလိုက်ရင် ရောက်ဖူးသူလည်း ရှိချင် ရှိမည်၊ မရောက်ဖူးသူများ ရှိကြသည်။ မကြားဖူးသူက ပိုများပါသည်။ အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်းအိုင် ဖြစ်သလို၊ အရှေ့တောင်အာရှတွင်လည်း အကြီးဆုံးအင်းဖြစ်ပါသည်။ ယခုအချိန်ဆိုလျှင် အင်းတော်ကြီးဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပေပြီ၊ အကျွန်ုပ်သည် အင်းတော်ကြီးဒေသ ဟိုပင်မြို့တွင် မွေးဖွားခဲ့သည် မှန်သော်လဲ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ အသက် ၂၀ ကျော်မှသာ ရောက်ဖူးခဲ့ပေသည်။ ဝေး၍လား ဆိုတော့လည်း မဟုတ်ပါ၊ ယခင်က အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင် မနက်အစောကြီးထပြီးမှ ခြေလျင် သွားကြရပါသည်။ မနက် ၆ နာရီ စထွက်သွားလျှင် နေ့လည် ၁၂ နာရီမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသို့ ရောက်ပါသည်။ အကွာအဝေးကာ ၁၀ မိုင်ကျော်ကျော်ခန့်သာ ရှိပါမည်။ ယခင်က လမ်းမကောင်းသလို ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ မရှိ၍ သွားရလာရခက်ခဲပါသည်။ ကားတွေ ဆိုင်ကယ်တွ စက်ဘီးတွေရှိတော့ရော သွားလို့ ရသလားဆိုရင် ကားက ဆင်စီးပြီး၊ ဆိုင်ကယ်နဲ့ စက်ဘီးက လူစီးပါမည်။ ယခုရော ကောင်းသွားပြီလားဆိုတော့ ကောင်းသွားပြီလို့ပဲ ပြောရတော့မှာပေါ့။ ချောင်းတွေ့လျှင် တံတားတွေ့လျှင် လမ်းဆင်းလျှောက်ပေါ့။

အင်းလေးဖောင်တော်ဦးဘုရား

မျိုးချစ်မြန်မာ | 3:07 AM | Best Blogger Tips


ညောင်ရွှေမြို့၏ မူလအမည်မှာ ရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှ ကုန်းမြေဟု အဓိပ္ပာယ်ရသည်။ ယောင်ဝှေဟုပြောသော ရှမ်းသံကို မြန်မာတို့က ညောင်ရွှေဟုကြား၍ မှတ်တမ်းတင် ရေးသား၊ ခေါ်ဆိုရာမှ ညောင်ရွှေဟု အမည်ခေါ်တွင်ခဲ့သည်။ သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖလက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့်ကာလ၊  ယခုသန်းထောင်ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှာ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြသည်။ ထိုအခါ စော်ဘွားကြီးဆီဆိုင်ဖ ထံသွားရောက် သတင်းပေး ကြလေသည်။

Thursday, March 13, 2014

ဗုဒ္ဓဘုရားရှင်နှင့် တပေါင်းလ

မျိုးချစ်မြန်မာ | 1:48 AM | Best Blogger Tips


တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလ၀က်သည် ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

မန္တလေး မဟာမြတ်မုနိဘုရား

မျိုးချစ်မြန်မာ | 1:00 AM | Best Blogger Tips


ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်  စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။  ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာ ရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒ အဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။